maung myint soe

Friday, November 5, 2010

How to find Run Box ကိုဇာပိုင်ရှာဖို့လဲ


  Window 7 မှာ Run Box မတွေ့ဘူးဆိုတဲ့ User များအတွက် ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ကြည့်ပါ။

၁) Start မှ All Program မှ Accessories ကို ဖွင့်ပါ။
၂) Run ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ Start ကို နှိပ်လိုက်ရင် All Program အောက်က Search box ရှိပါတယ်။ အဲဒီမှာ Run လို့ ရိုက်လိုက်ရင် ဖွင့်ပါတယ်။ အဆင်ပြေပါစေ။

Virus ပေါင်းများစွာ ကိုရှင်းကြမယ် ပေါင်းပြီးတော့

 

  mgy.exe virus ၊ PrivateCam virus စတာတွေ ဖြေရှင်းနည်း မေးနေကြပါတယ်။ ဘလော့တိုင်း၊ ဖိုရမ်တိုင်းကလဲ ရှင်းလင်း ဖော်ပြထားကြပါတယ်။ မရှာတတ်တာပဲလား၊ ရှာဖို့ အခက်အခဲ ရှိတာကြောင့်လား မသိ။

mgy.exe ရှင်းလင်းနည်း

ဒီဗိုင်းရပ်စ် အခုတလော ခေတ်စားနေပါတယ်။ လူမေးများတဲ့ ဗိုင်းရပ်စ် တစ်ခုပါပဲ။ Magway FC Logo လေး ပေါ်လာရင် mgy.exe virus ၀င်နေတာ သေချာပါပြီ။ ဒီဗိုင်းရပ်စ်က စက်ကိုလေးစေပြီး ဗိုင်းရပ်စ်တို့ရဲ့ ထုံးစံအတိုင်း Task Manager ၊ Folder Options ၊ regedit တွေကို ဖွင့်မရအောင် လုပ်ထားပါတယ်။

ဒီဗိုင်းရပ်စ် ရှင်းဖို့တော့ www.okviruscleaner.ning.com က ပြုလုပ်ပေးထားပါတယ်။ ၎င်းတို့လုပ်ပေးထားတဲ့ MgyvirusCleaner လေးကို စက်ထဲမှာ Run လိုက်ရင် ပြန်ကောင်းသွားမှာပါ။


PrivateCam ရှင်းလင်းနည်း


ဒီဗိုင်းရပ်စ်က ပေါ်တာ ကြာပါပြီ။ ဒီကောင့်ကြောင့် ကွန်ပျူတာ သုံးသူတိုင်း စိတ်ပင်ပန်းခဲ့ကြရပါတယ်။ စက်ကို မလေးစေပေမယ့် Chat တွေရယ်၊ Desktop တွေရယ်မှာ အနှောင့်အယှက် တော်တော်ပေးပါတယ်။ ဖြေရှင်းနည်းကတော့

၁) ဒီဖိုင်ကို Download ယူ၍ Run လိုက်ပါ။

၂) ပြီးလျှင် Search တွင် privateCam_v0.1 လို့ ရိုက်ပြီး ရှာပါ။ Search ကို မဖွင့်တတ်လျှင် Window Key + F key ကို တွဲနှိပ်ပါ။
၃) တွေ့ပါက Delete လုပ်ပါ။
၎) Restart ချပါ။  maung myint soe

Window 7 မှ ပြဿနာအချို့

 

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။

" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။

မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။

တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

(၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
(၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။


(၃) Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၆) မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရင်း။
ဆရာကြီးတစ်ရောက်ဆီကပါ
မောင်မြင့်စိုး