maung myint soe

Friday, November 5, 2010

How to find Run Box ကိုဇာပိုင်ရှာဖို့လဲ


  Window 7 မှာ Run Box မတွေ့ဘူးဆိုတဲ့ User များအတွက် ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်ကြည့်ပါ။

၁) Start မှ All Program မှ Accessories ကို ဖွင့်ပါ။
၂) Run ဆိုတာကို တွေ့ရပါလိမ့်မယ်။

နောက်တစ်နည်းကတော့ Start ကို နှိပ်လိုက်ရင် All Program အောက်က Search box ရှိပါတယ်။ အဲဒီမှာ Run လို့ ရိုက်လိုက်ရင် ဖွင့်ပါတယ်။ အဆင်ပြေပါစေ။

Virus ပေါင်းများစွာ ကိုရှင်းကြမယ် ပေါင်းပြီးတော့

 

  mgy.exe virus ၊ PrivateCam virus စတာတွေ ဖြေရှင်းနည်း မေးနေကြပါတယ်။ ဘလော့တိုင်း၊ ဖိုရမ်တိုင်းကလဲ ရှင်းလင်း ဖော်ပြထားကြပါတယ်။ မရှာတတ်တာပဲလား၊ ရှာဖို့ အခက်အခဲ ရှိတာကြောင့်လား မသိ။

mgy.exe ရှင်းလင်းနည်း

ဒီဗိုင်းရပ်စ် အခုတလော ခေတ်စားနေပါတယ်။ လူမေးများတဲ့ ဗိုင်းရပ်စ် တစ်ခုပါပဲ။ Magway FC Logo လေး ပေါ်လာရင် mgy.exe virus ၀င်နေတာ သေချာပါပြီ။ ဒီဗိုင်းရပ်စ်က စက်ကိုလေးစေပြီး ဗိုင်းရပ်စ်တို့ရဲ့ ထုံးစံအတိုင်း Task Manager ၊ Folder Options ၊ regedit တွေကို ဖွင့်မရအောင် လုပ်ထားပါတယ်။

ဒီဗိုင်းရပ်စ် ရှင်းဖို့တော့ www.okviruscleaner.ning.com က ပြုလုပ်ပေးထားပါတယ်။ ၎င်းတို့လုပ်ပေးထားတဲ့ MgyvirusCleaner လေးကို စက်ထဲမှာ Run လိုက်ရင် ပြန်ကောင်းသွားမှာပါ။


PrivateCam ရှင်းလင်းနည်း


ဒီဗိုင်းရပ်စ်က ပေါ်တာ ကြာပါပြီ။ ဒီကောင့်ကြောင့် ကွန်ပျူတာ သုံးသူတိုင်း စိတ်ပင်ပန်းခဲ့ကြရပါတယ်။ စက်ကို မလေးစေပေမယ့် Chat တွေရယ်၊ Desktop တွေရယ်မှာ အနှောင့်အယှက် တော်တော်ပေးပါတယ်။ ဖြေရှင်းနည်းကတော့

၁) ဒီဖိုင်ကို Download ယူ၍ Run လိုက်ပါ။

၂) ပြီးလျှင် Search တွင် privateCam_v0.1 လို့ ရိုက်ပြီး ရှာပါ။ Search ကို မဖွင့်တတ်လျှင် Window Key + F key ကို တွဲနှိပ်ပါ။
၃) တွေ့ပါက Delete လုပ်ပါ။
၎) Restart ချပါ။  maung myint soe

Window 7 မှ ပြဿနာအချို့

 

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။

" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။

မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။

တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

(၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
(၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။


(၃) Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၆) မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရင်း။
ဆရာကြီးတစ်ရောက်ဆီကပါ
မောင်မြင့်စိုး

Security

 မောင်မြင့်စိုး ကျနော်လုပ်ပြီးပါပြီ ကောင်းပါရေ

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြသလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူက အမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ အခိုးခံရသူများအတွက် ဟာကွက်တစ်ခုဖြစ်သော အချက်တစ်ခုကို ကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။

ကွန်ပျူတာ ၀င်းဒိုး တက်လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက်ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက်လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။


ဒါက စက်တိုင်းမှာ ဟာကွက်တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခုနည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။


ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ ဦးစွာ My computer ကို Right လုပ် Manage ကိုရွေးပါ။ Local User and Groups ကို ဖွင့်ပါ။ User တွင် Administrator ကို Double Click လုပ်။ Box ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ Apply ၊ Ok လုပ်ပါ။

ဒါဆိုရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေများဖြင့် ၀င်ရောက်နေသည့် နည်းလမ်းများကိုတော့ မဆိုလိုပါ။ ယခုနည်းလမ်းသည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများအတွက် အင်မတန် လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်ပါ။
မောင်မြင့်စိုး

အသံပြဿနာ

 

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာက အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။



သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။ ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။


၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။
ဆရာကြီးတစ်ယောက်သင်ပေးတဲ့နည်းပါ
 ဒီလိုပြသာနာများကို အမြဲတမ်းကြုံတွေ့ရဖို့ပါ။

System Care

 

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။


Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။
မောင်စေတနာ ဆီကယူထားပါ
တော်တော်ကောင်းပါတယ်။

Photo Slide Show


Photo Slide Show နဲ့ ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ဆီက ဆော့ဝဲလ်ကောင်းလေး တစ်ခု ရခဲ့တယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်သွားပေးထားတယ်။ မိမိလုပ်တာတော့ ဟုတ်ဘူး။ ဟီး။



Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက် သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။
ဟာ ဟာ မောင်မြင့်စိုး
ကျနော့လောက်ကွန်ပျုတာကို ဖျက်ဖူးပါသလား?

ကျေးဇူး Driver Scanner

 

မနေ့တစ်နေ့က မိတ်ဆွေတစ်ယောက်ရဲ့ စက်ကို သွားကြည့်ပေးဖြစ်တယ်။ Window က တော်တော်ကို သုံးမရအောင် ဖြစ်နေတယ်။ နည်းမျိုးစုံနဲ့ ပြင်ကြည့်မိတယ်။ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်ပြီမို့ နောက်ဆုံး Window ပြန်တင်ခဲ့ရတယ်။

Window တင်ပြီးတော့ စက်ရဲ့ On Board နဲ့ ပတ်သက်တဲ့ အခွေတွေ တောင်းတော့ မရှိတော့ဘူးတဲ့။ ရှာတာ မတွေ့တော့ဘူးတဲ့လေ။ စိတ်လေသွားတယ်။ Graphic ရယ်၊ Sound ရယ်၊ Network တွေ မရနိုင်ဘူးလေ။ အခွေမရှိရင်။ ဒါနဲ့ မိမိလဲ ဆော့ဝဲလ်တစ်ခု သွားစဉ်းစားမိတယ်။
ကျနော်ကတော့ ဒါကိုပဲသုံးတယ်


Driver Scanner ပါပဲ။ ဒီဆော့ဝဲလ်က မိမိဝယ်ထားတဲ့ အခွေမှာ ပါပေမယ့် တစ်ကြိမ်မှ မစမ်းဘူးသေးဘူး။ Network ကို အရင်ဆုံး တစ်ခြားစက်က အင်တာနက်သုံးပြီး ရှာထည့်လိုက်တယ်။ ပြီးတော့ စက်ကို အင်တာနက် ချိတ်လိုက်တယ်။ အခုသုံးမယ့် ဆော့ဝဲလ်က အင်တာနက် မရှိရင် အသုံးမ၀င်ဘူးလေ။ အင်တာနက်ရမှ Install လုပ်လိုက်တယ်။


Install ပြီးသွားတော့ Update လုပ်ရမှာတွေ၊ Install လုပ်ဖို့လိုတဲ့ Graphic ၊ Sound စတာတွေ ပေါ်လာတယ်။ ပြထားတဲ့ အဆင့်တွေအတိုင်း Download လုပ်ခိုင်းတယ်။ ပြီးရင် အင်စတောတွေ လုပ်လိုက်တယ်။ စက်က အိုကေသွားတယ်။ သက်ပြင်းရှည်ကြီး ချနိုင်တော့တယ်။

စာဖတ်သူများလဲ မိမိတို့တွေရဲ့ စက်တွေမှာ Software တွေ Update လုပ်ဖို့နဲ့ Window တင်ပြီးရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။
မောင်မြင့်စိုး

Picasa 3.6 အသုံးဝင်မှု



Google ပေး ဆော့ဝဲလ်ထဲက မိမိ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလ်လေးတစ်ခုကို ညွှန်းချင်ပါတယ်။ Picasa Software လေးပါ။ Photo Viewer ဆိုပေမယ့် အသုံးတည့်တာတွေ များပါတယ်။

၁) Web ပေါ်ကို ဓါတ်ပုံတင် Upload လုပ်လို့ရခြင်း၊
၂) မိမိစက်ထဲတွင် ရှိသော ဓါတ်ပုံများကို Email ပေးပို့နိုင်ခြင်း၊
(ပို့ချင်သည့် ပုံများကို Upload လုပ်စရာမလိုသည့်အတွက် လျင်မြန်မှုက ပြောမပြနိုင်အောင်ပင်)
၃) Print ထုတ်ရာတွင် အထူးကောင်းမွန်ခြင်း၊
၎) Export လုပ်နိုင်ခြင်း၊
၅) Blog ကို တန်းတင်နိုင်ခြင်း၊
၆) Collage ခေါ် ပုံများကို ဖြတ်ညှပ်ကပ်လုပ်နိုခြင်း၊
၇) Movie လုပ်နိုင်ခြင်းနှင့် Youtube ကို တင်နိုင်ခြင်း၊
၈) Goolge Earth တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

မိမိ အကြိုက်ဆုံးကတော့ စက်ထဲမှာ ရှိသမျှ ပုံများကို တစ်စုတစ်စည်းတည်း ရှာဖွေ ကြည့်ရှုနိုင်ခြင်းပင် ဖြစ်ပါတယ်။ ပုံကိုလဲ အကြီးချဲ့ ကြည့်စရာ မလိုပဲ ကြည့်နိုင်ပါတယ်။ အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် အရေးတယူ ရေးသားလိုက်ရပါတယ်။ သုံးရင်း သုံးရင်း သုံးရမည့် နည်းလမ်းများကို သိလာပါလိမ့်မယ်။ စိတ်ဝင်စားရင် Picasa 3.6 ဒေါင်းယူပါ။
မောင်မြင့်စိုး

PCBoost 4


ဒီဆော့ဝဲလ်ကို ညွှန်းထားတာကတော့ ခပ်ကဲကဲပင်။ မယုံရင် ဤတွင် ဖတ်ကြည့်ပါ (With PCBoost your computer will run faster than ever before. Boost the performance of your PC the easy way.) မြင်သည့်အတိုင်းပင်။

ပြောမယုံ ကြုံမှ သိနိုင်အောင် Install လုပ်၍ သုံးကြည့်နိုင်၏။ အမြဲတမ်းသုံးနိုင်ဖို့ လိုင်စင်ပါ ထည့်သွင်း ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။
မောင်မြင့်စိုး

Google Earth

 

Google Map မှာ အသစ်တိုးပြီး လုပ်ဆောင်ထားတာကတော့ 3D earth ပါ။ Google Earth Pro ဆော့ဝဲလ်နဲ့ ကြည့်စရာ မလိုတော့ပဲ Google ကနေ တိုက်ရိုက်ကြည့်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ လွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။


စိတ်ဝင်စားတယ်ဆိုရင်တော့ Google Earth Plugin လေးကို ဦးစွာ Install လုပ်ပါ။ IE မှာ မိမိတို့ သုံးနေတဲ့ Proxy ကို မှန်ကန်အောင် ထည့်ထားရပါမယ်။ တစ်ချို့က Mozilla သုံးတဲ့အတွက် IE မှာ Proxy မထည့်ထားတာများ တွေ့ရပါတယ်။

ပြီးလျှင် www.google.com ကို ဖွင့်။ Maps ကို ရွေးချယ်ရပါတယ်။ ညာဘက်အစွန်းတွင် Earth ဆိုတာ ရှိပါတယ်။ နိုပ်လိုက်ရင် Google Earth 3D မြင်ကွင်းကို ကြည့်ရှုနိုင်ပါပြီ။
မောင်မြင့်စိုး

Flag Animation လုပ်ကြမယ်

 


အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။

ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။
မောင်မြင့်စိုး

အသဲပုံလေးလား

 


လက်ဆောင်ကဒ်နဲ့အတူ တွဲပြီး ပုံဖော်ထားတဲ့ ရုပ်ကြွအသဲပုံလေး လုပ်နည်းလေး ဖြစ်ပါတယ်။ စက္ကူခေါက် နည်းလမ်းများဟာ ဂျပန်နိုင်ငံက ဆင်းသက် လာတယ်လို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံက စက္ကူကို သုံးစွဲတဲ့ နေရာမှာ လွန်ကဲတဲ့ နိုင်ငံဖြစ်သလို စက္ကူနဲ့ ပုံဖော်ရာတွင်လဲ သူမတူအောင် လက်ရာမြောက်ဆုံး ဖြစ်ပါတယ်။

မိမိရဲ့ ချစ်သူလေးဆီ လက်ဆောင်ကဒ်နဲ့ အတူ အသဲပုံရုပ်ကြွလေးကို လုပ်ပြီး မေတ္တာပိုတိုးအောင် လုပ်နိုင်ပါပြီ။ မိမိကိုယ်တိုင် လုပ်ပြီး ပေးပို့တယ် ဆိုရင် ချစ်သူပျော်ရွှင်မည် ဖြစ်ပါတယ်။ ပြောရင်းနဲ့ စာရှည်သွားပြီ။ ဒီမှာ လုပ်နည်းစာအုပ် နှစ်အုပ်ကို Download(1), Download(2) လုပ်ယူပါ။
မောင်မြင့်စိုး

ဘလော့ပြုလုပ်နည်း စာအုပ် ဖြန့်ဝေ


မြန်မာ့နည်းပညာ တိုးတက်ရေးအတွက် မြန်မာနိုင်ငံသား အားလုံးက ကိုယ်တတ်သည့် ပညာများဖြင့် မြန်မာလူမျိုးများ အသိအမြင်၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်နေကြသည်မှာ အားကျစရာပါ။ အင်တာနက်မှာလဲ မိမိရဲ့ ခံစားချက်၊ အတွေးအခေါ်၊ နည်းပညာ၊ ဗဟုသုတ စတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ ဆင်ဆာမရှိ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရသော ဘလော့ဆိုတာကို မြန်မာတွေ တွင်တွင် ကျယ်ကျယ် အသုံးပြုနေပါပြီ။ မသုံးတတ်လို့ သုံးချင်တဲ့ သူတွေအတွက်လဲ ဘလော့ဆရာများ ဖြစ်သော ကိုစေတန်ဂေါ့ကိုညီလင်းဆက် တို့ဟာ ဘလော့ပြုလုပ်နည်း စာအုပ်များကို ပြုစုရေးသားထားပါတယ်။

ဘလော့လုပ်မယ် စာအုပ်ကို ပြုစုသူကတော့ ကိုစေတန်ဂေါ့ ဖြစ်ပါတယ်။ စာအုပ်ဟာ ပြည့်စုံလွန်းလို့ ဘလော့လုပ်ရာမှာ ဆရာတစ်ယောက် ဘေးမှာ ရှိနေသလို ခံစားရမှာပါ။ အဲဒီလောက် ကောင်းမွန်ပြည့်စုံတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘလော့တစ်ခု ဘယ်သို့ ဘယ်ပုံ စလုပ်ရမည်၊ ဇော်ဂျီဖောင့် ဘယ်လို ထည့်သွင်းရမယ်၊ တန်ပလိပ် အပြင်အဆင်၊ ဘလော့ လိုအပ်ချက် မှန်သမျှကို ပြည့်စုံအောင် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။ Blog လုပ်မယ် စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။ ဘလော့ စလုပ်မယ်ဆို အောက်က စာအုပ်ကို အရင် လေ့လာပါ။ ပြီးမှ ဒီစာအုပ်ကို လေ့လာပါ။

ဒါကတော့ ဘလော့ အခြေခံလုပ်နည်း စာအုပ်ပါ။ စာအုပ်ပြုလုပ်သူက ကိုညီလင်းဆက် ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ တကယ်အခြေခံပါပဲ။ ဘလော့ စလုပ်သူတွေအတွက်ပါ။ ဒီစာအုပ်တွင် ဘလော့မှာ ထည့်ရမယ့် တန်ဆာပလာ သိပ်မပါပါဘူး။ How to Make Myanmar Blog စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။

စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း

 
စာစီစာရိုက်တဲ့ နေရာမှာ သုံးတဲ့ Microsoft office word ကို လူတိုင်းသိကြမှာပါ။ လူတိုင်းလဲ သုံးနေကြမှာပါ။ ကွန်ပျူတာ သင်တန်းတက်တဲ့ လူတွေလဲ ဒီ application ကို ကောင်းကောင်း သိကြမှာပါ။ သို့ပေမယ့် ယခုမှ လေ့လာဆဲ၊ သင်ယူဆဲ လူများအတွက် Microsoft office word စာစီစာရိုက် လက်စွဲစာအုပ်ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့ကျမှ Microsoft Office Excel စာအုပ်ကို တင်ပေးပါမယ်။ အသုံးဝင်နိုင်ကြပါစေ။

စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း

 

ဇယားကွက်တွေနဲ့ စာရိုက်မယ်ဆိုရင် Microsoft Office Excel က အကောင်းဆုံးပါပဲ။ လျှင်မြန်ပြီး လုပ်ငန်းကို အမြန်ပြီးစေပါတယ်။ စာစီစာရိုက်သင်တန်းများတွင်လဲ Excel ကို ထည့်သွင်းသင်ကြားထားပါတယ်။ မိမိဘာသာ မိမိလေ့လာ သင်ယူသူများအတွက် Microsoft Office Excel စာအုပ်ကို တင်ပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အသုံးဝင် နိုင်ကြပါစေ။

Program အကြောင်းသိကောင်းစရာစာအုပ် ဖြန့်ဝေခြင်း


Program နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးထားပါတယ်။ Program ဆိုတာဘာလဲ၊ Java ဆိုတာ ဘာလဲ စသဖြင့်ပေါ့။ စာအုပ်ကို ဖတ်ကြည့်ရင် သိမှာပါ။ ကျွန်တော် ရေးသားထားတာ မဟုတ်ပါ။ ဟိုက ကူး၊ ဒီက ကူးနဲ့ စာအုပ်ဖြစ်အောင် ပြန်လုပ်ထားတာပါ။ လေ့လာသူများအတွက် စာအုပ်လေးနဲ့ဆိုရင် အဆင်ပြေနိုင်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ပြုစုထားတာပါ။ အဆင်မပြေလဲ ကြိတ်မှိတ်ပြီးသာ အဆင်ပြေကြပါ။ Program အကြောင်းကို ကျွန်တော်လဲ လေ့လာဆဲမို့ ဒီစာအုပ်ထဲကထက် ပိုပြီး မရှင်းနိုင်ပါဘူး။ စာအုပ်လေးကို Click လုပ်ယူပါ။

Photoshop 7.0 ဖြန့်ဝေခြင်း


Adobe Photoshop CS 1,2,3 ဆိုပြီး သုံးနေတဲ့ အချိန်အခါမှာ Photoshop 7.0 စာအုပ်လာပေး နေရသလား ဆိုပြီး စိတ်မဆိုးလိုက်ပါနဲ့။ အခုမှ Photoshop ကို သုံးစွဲချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ။ ယခု စာအုပ်က မြန်မာလို ရှင်းလင်း ဖော်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကျွန်တော်တောင် အခုအချိန်ထိ လေ့လာနေရ တုန်းပါပဲ။ ရှင်းလင်းချက်တွေက ကောင်းမွန်လှပြီး ထိမိလှပါတယ်။ ယခုမှ လေ့လာသူများအတွက်အပြင် တတ်ပြီးသား လူများလဲ လေ့လာနိုင်ပါတယ်။ ပညာရပ်ဆိုင်ရာတွေသာ ရေးစေချင်တဲ့ ကိုမောင်လှိုင် တစ်ယောက်လဲ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြဲတမ်း လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

Computer Shortcut စာအုပ် ဖြန့်ဝေခြင်း

 
စာအုပ်လို့သာ ပြောရပါတယ် .. စာရွက်က နှစ်ရွက်ထဲသာ ပါပါတယ်။ ဒီစာအုပ်လေးထဲမှာ Basic ShortCut Key, Window ShortCut, WinKey, Word Key,Excel Key, Outlook key တို့ပါဝင်ပါတယ်။ မသိသူများအတွက် အမြင်ကျယ် အသိတိုးစေဖို့ ဖော်ပြလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

မီးနဂါးလုပ်နည်း စာအုပ်





ယခု ဖော်ပြပေးလိုက်တာကတော့ မိမိတို့ရဲ့ မောင်လေး၊ ညီမလေးတွေ စိတ်ပျော်ရွှင် စေမယ့် စက္ကူခေါက် မီးနဂါးလုပ်နည်းလေး ဖြစ်ပါတယ်။ လုပ်နည်းအတိုင်း ပြုလုပ်မယ်ဆိုရင် တော်တော် ရုပ်လုံးကြွပြီး ကြည့်ကောင်းတဲ့ အရုပ်လေး ဖြစ်ပါတယ်။ လုပ်နည်းစာအုပ်ကို ဒီမှာ Download လုပ်ယူပါ။ နောက်များလဲ ဂျပန်ရဲ့ အဓိကထား လုပ်နေကြတဲ့ ရှားပါးတဲ့ အရုပ်လုပ်နည်းများ ဖော်ပြပေးသွားပါ့မယ်။

Frame Photo Editor



Photo တွေအတွက် အလှဆင်ဖို့ Frame တွေ ရှာကြည့်တာ စိတ်တိုင်းကျကို မတွေ့သေးဘူး။ ရလာတော့လဲ ရက် ၃၀ ပဲသုံး။ အကြာကြီးမရဘူး။ Full Version ကို ရှာရတာ ကြာတော့ ငြီးငွေ့မိသလို ဖြစ်လာတယ်။ တော်တော်နဲ့ မရဘူး။ တစ်ချို့က Crack file တွေ။ တစ်ချို့က Patch ဖိုင်တွေ။ သုံးကြည့်တော့ အဆင်မပြေဘူး။ မိမိရဲ့ Window XP SP3 ကြောင့်။

ချားတူးကို လံနေတာပဲ။ Window XP SP3 က။ ဘာတင်တင် လက်မခံတာက များနေတယ်။ SP2 တုန်းက အဆင်ပြေတယ်။ Window ပဲ ပြန်ချရမလို ဖြစ်နေတယ်။ ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့အတိုင်းပဲ Photo Frame Software ကောင်းလေး ရခဲ့တယ်။ လိုင်စင်နဲ့။ အပြည့်သုံးလို့ရတယ်။ လိုအပ်ရင် ယူပေါ့။ Download လုပ်ယူပေတော့။

Vista WinFlip



Window Vista ကို သုံးတုန်းက Winflip ကို တော်တော် သဘောကျခဲ့တယ်။ မအားလပ်တာနဲ့ ပြန်မရှာဖြစ်ဘူး။ ဒီနေ့တော့ ရလာပြီ။ သုံးကြည့်တော့လဲ အရင်လောက် စွဲစွဲလမ်းလမ်း မရှိတော့ပါဘူး။ ဒါပေမယ့် သုံးတော့ သုံးနေတယ်။ တစ်ခါတစ်လေတော့လဲ အနှောင့်အယှက် ဖြစ်သလိုပဲ။ ဟီး။ သုံးကြည့်ချင်တယ်ဆိုရင်တော့ သုံးကြည့်ပေါ့။ ဒီမှာ Download လုပ်ယူပါ။

IDM 5.18 Build 2 Version

 


မိမိတို့ရဲ့ အချစ်တော်ကြီး IDM 5.18 Beta Version ကို ဒီမှာ ဖော်ပြပေးပြီး ဖြစ်ပါတယ်။ အခု IDM 5.18 Build 2 Version ကို ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Patch ဖိုင်လေး ထည့်သွင်းပေးထားပါတယ်။ ဒီမှာ Download လုပ်ယူကြပါ။

Folder Lock Software

 


မိမိတို့ရဲ့ ဖိုင်တွေ၊ Folder တွေကို လုံခြုံစိတ်ချဖို့အတွက် Folder Lock ကို သုံးစွဲသင့်ပါတယ်။ အရင်က ဖော်ပြခဲ့ပေမယ့် အမြဲတမ်း မသုံးစွဲနိုင်တာရယ် ဒေါင်းတဲ့လင့်တွေ သေသွားတာရယ်ကြောင့် အခု ထပ်မံ ဖော်ပြပေးလိုက်ပါတယ်။ အမြဲတမ်းသုံးနိုင်အောင် Note File ထဲမှာ ကုဒ်တွေ ထည့်ပေးထားပါတယ်။ ဒီတွင် Download လုပ်ယူပါ။

Folder Lock ဆော့ဝဲလ်ကို Install လုပ်ပြီးပါက User ID တွင် TEAM HERITAGE နှင့် Key Password တွင် 683071673 ကို ဖြည့်ပါ။ ဒါဆို အမြဲတမ်းသုံးနိုင်ပါပြီ။ ဆော့ဝဲလ်ဘောက် ပေါ်လာချိန်တွင် password သည် မိမိပေးချင်သည့် အရာကို ပေးပါ။ နှစ်ခါ ပြန်ရိုက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Lock Folder ပေါ်လာပြီ မိမိတို့ သိမ်းချင်သည်များကို သိမ်းဆည်းနိုင်ပါပြီ။

မြန်မာအဘိဓာန်

မြန်မာအဘိဓာန်

မြန်မာအဘိဓာန်ကို ရထားတာ ကြာပါပြီ။ စာရေးတဲ့အချိန်တွေမှာ တော်တော်အသုံးဝင်လို့ သုံးနေမိတယ်။ စာအုပ်ဝယ်ရင် အခွေပါ ပေးတယ်။ မိမိ ၀ယ်တာတော့ မဟုတ်ပါဘူး။ မိမိရဲ့ မိတ်ဆွေတစ်ယောက် ၀ယ်သုံးတာ။ သူက ပြန်ပေးတာ။ စာအုပ်တော့ မရှိဘူး။ အခွေတော့ ပွားထားတာ။

အခု စာဖတ်သူတွေကို သတိရလို့ ဖော်ပြပေးလိုက်ပါတယ်။ မဖြစ်မနေ ရှိသင့်တဲ့ မြန်မာအဘိဓာန်ပါ။ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က ကြိုးကြိုးစား ပြုစုထားတာပါ။ မိမိကတော့ သဘောကျတယ်။ ကျေးဇူးလဲ တင်မိတယ်။ ဒီမှာ Download ယူပါ။ ဖောင့်ကို ဒီမှာ ယူပါ။